Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ARSA ပစ်ခတ် တိုက်ခိုက်ခဲ့သော အရပ်သားများစီးနင်းလာသည့် တေဘာကား အပျက်အစီး။

(အမျိုးသမီး ၁ ဦးသေဆုံးပြီး ယာဉ်မောင်းအပါအဝင် ၄ ဦး ဒဏ်ရာရ)

ရခိုင်ပြည် မောင်တောမြို့နယ်မှာ အခြေခံစားသောက်ကုန် ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော အရပ်သားပြည်သူများကို မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ကြောင်း AA က ယနေ့ အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သည်။

မောင်တောမြို့ခွဲ တောင်ပြိုမြို့က စားသောက်ကုန်ပစ္စည်းများ ဝယ်ယူပြီး ပြန်လာသော ယာဉ်မောင်အပါအဝင် အရပ်သား ၆ ဦးပါ တေဘာကားတစ်စီးကို ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညနေ ၄ နာရီကျော်အချိန်တွင် ARSA လက်နက်ကိုင်အဖွဲ့က လမ်းတစ်လျှောက် အဆင့်ဆင့် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ARSA တိုက်ခိုက်မှုကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်ဆန်းဆန်းဦး သေဆုံးပြီး နောက်ထပ် အရပ်သား ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

ဒေါ်ဆန်းဆန်းဦးမှာ ဝဲဖက်နားထင်အား ကျည်ထိမှန်သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ သေနတ်ဒဏ်ရာများပြားကြောင်း သိရသည်။

လောလောဆယ်တွင် ဝမ်းဗိုက်တွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးနှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသူ ၁ ဦးကို ဆေးကုသပေးလျှက်ရှိကြောင်း AA ကဆိုသည်။

အရပ်သားပြည်သူများအား တိုက်ခိုက်သော ARSA လက်နက်ကိုင်အဖွဲ့ကို အာရက္ခတပ်တော် AA က လိုက်လံရှင်းလင်းတိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

မွတ်ဆလင်လက်နက်ကိုင်ထဲက အဖွဲ့တစ်ဖြစ်သည့် ARSA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ဟု AA နှင့် မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်သူများက သတ်မှတ်ထားကြသည်။

မောင်တောဒေသတွင် အကြမ်းဖက် ARSA အဖွဲ့အပါအဝင် အခြားသော RSO, ARA စသည့် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် မွတ်ဆလင်များအပါအဝင် ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ ဓါးမြတိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုကြသည်။

လက်ရှိတွင် ARSA, RSO, ARA တို့သည် စစ်ကောင်စီစစ်တပ် (မြန်မာစစ်တပ်) ပူးပေါင်းကာ အာရက္ခတပ်တော် AA အား ဘူးသီးတောင်၊ မောင်တောဒေသတွင် တိုက်ခိုက်နေပြီး AA နှင့် ၎င်းတို့သည် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကြသည်။

မောင်တောဒေသကို AA က အပြီးသတ်သိမ်းပိုက်နိုင်ရန် မြို့စောင့်တပ် နခခ ၅ တပ်စခန်းနှင့် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကျန်ရှိနေသေးကြောင်း သိရသည်။

(ထိခိုက်သေဆုံးဒဏ်ရာရှိသူများ၏ ဓါတ်ပုံများအား တယ်လီဂရမ်တွင် ကြည့်ရှုပါရန် >>> https://t.me/TheWesternNews/14913 ) /ဓါတ်ပုံ – AA

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ