Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းအားလုံးကို သိမ်းပိုက် ရရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ တွင် သတင်းထုတ်ပြန်သည်။

အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းများအားလုံးကို အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီနီးပါးတွင် အပြီးသတ် သိမ်းပိုက်ရခြင်း ဖြစ်သည်။

အဆိုပါ ဗျူကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ပြီး မဲတောင်နှင့် အမ်းဌာနချုပ်ပတ်ဝန်းကျင်၌ လှုပ်ရှားကြကြောင်း သိရသည်။

အဆိုပါ ဗျူဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် ၁၄ ကီလိုမီတာခန့်သာ ကွာဝေးပြီး ဗျုဟာ ကုန်းသိမ်းတိုက်ပွဲ အတွင်းမှ စစ်ကောင်စီမှ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာတွင် စက်တင်ဘာလ ၂၆ ရက်နေ့၊ နံနက် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ် AA တို့ နှစ်ဖက်တိုက်ပွဲ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဟာဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားထိပ်ရှိ ကိုင်းခုန်နှင့် ကံဂေါ်တောင် (ကံကော်တောင်)၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်းများကို အောက်တိုဘာလ ၆ ရက်နေ့တွင် AA က သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့မှ ကုလားပြင် တံတားထပ် ဆုတ်ခွာပြီးနောက် အဆိုပါတံတားအား အောက်တိုဘာ ၇ ရက်၊ နံနက် ၂ နာရီ ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း ဒေသခံများ ကနဦးက တည်းက ပြောဆိုထားသည်။

အဆိုပါ ဒေသများတွင် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိသည်မှာ တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး စစ်ကောင်စီမှ ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများနှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆိုထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်နေကြောင်း AA က သတင်းထုတ်ပြန်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ