Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရှမ်းမြောက် တအောင်းဒေသတွင် တရားဥပဒေစိုးမိုးရေးအတွက် အပတ်စဉ် (၅) အခြေခံပုလိပ်သင်တန်း (ရဲသင်တန်း)ကို TNLA က ပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့က သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

တရားဥပဒေစိုးမိုးရေး အခြေခံပုလိပ်သင်တန်းကို သင်တန်းသား ၉၀ ဦးနှင့် သင်တန်းသူ ၄၅ ဦး ပေါင်း ၁၃၅ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး တအောင်းပြည်ကို ယခင်ထက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပိုမိုလည်ပတ်ဆောင်ရွက်သွားမည်ဟု TNLA က ဆိုသည်။

အခြေခံပုလိပ်သင်တန်းကို ၄ လကြာပြုလုပ်ခဲ့ပြီး ဘာသာရပ်ပေါင်း ၂၆ ခုကို ကျွမ်းကျင်ဆရာများနှင့် CDM ရဲများက သင်ကြားပို့ချခဲ့ကြောင်းနှင့် ရဲကျင့်ဝတ်၊ တရားဥပဒေစိုးမိုးရေး အခြေခံမူများ၊ ရာဇသတ်ကြီး၊ တရားမမှုဆိုင်ရာများ၊ သက်သေခံဥပဒေများ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေများနှင့် အခြားလုပ်ငန်းဆိုင်ရာဘာသာရပ်များ စသည်ဖြင့် သင်ကြားခဲ့ကြောင်း သိရသည်။

PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က “တအာင်းပြည်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်သွားရန် လိုအပ်ပြီး ချမှတ်ထားသည့် ဥပဒေများကို ပြည်သူများ လိုက်နာမှုရှိမရှိ စောင့်ကြည့်သွားရန်၊ ချမှတ်ထားသည့် ဥပဒေများကိုလည်း မိမိတို့ကိုယ်၌ လိုက်နာမှုရှိအောင် ကြိုးစားသွားကြရန်နှင့် ပြည်သူများ၏ လုံခြုံရေးကို မိမိဘက်မှ တာဝန်ယူပြီး စောင့်ရှောက်သွားရန်”လိုအပ်ကြောင်း ပြော ကြားခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ