Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် ကျောက်တော်မြို့ကို ယနေ့ အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် သေဆုံးသူ ၈ ဦးအထိ တိုးလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။

ကျောက်တော်မြို့မဈေးကို ဗုံး ၁ လုံးနှင့် အထက ၂ စာသင်ကျောင်းဝန်းထဲ ဗုံး ၁ လုံး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြို့ခံတစ်ဦးက ” ညနေ ၄ နာရီ ၁၅ မိနစ်မှာ ဗုံးလာကြဲတာ။ နေရာ၌ သေဆုံးသူ ၈ ဦးရှိတယ်။ ဒဏ်ရာရသူ ၁၀ ဦး လောက်ရှိနိုင်တယ်။ ကျနော့် မျက်မြင်ဆိုရင် လမ်းဘေးမှာ ဒဏ်ရာရနေတဲ့ ၂ ယောက်ဆိုရင် ဒဏ်ရာအများအပြားနဲ့ လူလိမ့်နေတယ်။ စိုးရိမ်ရပုံပေါက်ပါတယ်။ ” ဟု ပြောသည်။

နေရာ၌ သေဆုံးသူ ၆ ဦးထဲတွင် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးပါဝင်ပြီး ၎င်းတို့မှာ သားမိဖြစ်ကြောင်းနှင့် အသက်အရွယ်ကို မသိရသေးပေ။ သေဆုံးသူထဲက တစ်ဦး၏အမည်မှာ ဦးအေးကြွယ် အသက် ၄၆ နှစ်ရှိကြောင်း သိရသည်။

ဗုံးကြဲခံရပြီးနောက် ထိခိုက်သေဆုံးသူများကို အရေးပေါ်ကားများက သယ်ဆောင်သွား၍ အမည်၊ အသက်အရွယ်၊ လိပ်စာ စသဖြင့် အသေးစိတ်အချက်အလက်အား မသိရသေးကြောင်းနှင့် ကျောက်တော်မြို့သည် ဖုန်းလိုင်းဆက်သွယ်ရေး ခက်ခဲသော မြို့ဖြစ်သည်။

တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများထိုင်နေရာ မြို့ရွာကို ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံပြည်သူများမှာ အလွန်စိုးရိမ်နေကြသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီအနေဖြင့် စစ်ကိုစစ်နှင့်တူအောင် တိုက်ခိုက်ရန် ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ