Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာပြည်ကို ပြည်ပနိုင်ငံများက ဝင်စွက်ဖက်မှုများကြောင့် မကြာမီကာလအတွင်း ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်သဖြင့် MNDAA က ၎င်းအဖွဲ့အစည်းအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ထုတ်ပြန်လာသည်။

ကြီးမားသော ပြောင်းလဲမှုများ၊ ရှုတ်ထွေးသော အခြေအနေများ ရှိလာနိုင်ပြီး MNDAA အနေဖြင့် အသုံးချခံမဖြစ်စေရန်နှင့် မလိုလားအပ်သော အငြင်းပွားမှုများ မဖြစ်ပွားစေရေးအတွက် MNDAA ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်ထဲတွင် MNDAA ၏ ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များနှင့် ဆက်နေသော ပုဂ္ဂိုလ်များအနေဖြင့် အာဆီယံနိုင်ငံများ၊ အမေရိကန်နှင့် အနောက်နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးမသွားရဟု ဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်သော နိုင်ငံတကာညီလာခံများတွင် မတက်ရောက်ရန်နှင့် ပြည်ပမီဒီယာများအပါအဝင် အမေရိကန်၊ အနောက်နိုင်ငံများမှ သတင်းထောက်များ၏ အင်တာဗျူးများကို လက်ခံဖြေခြင်းမပြုရဟု ထုတ်ပြန်ချက်တွင် ပါသည်။

မြန်မာနိုင်ငံ အခြေအနေများနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များကို ခွင့်ပြုချက်မရဘဲ ဖြေဆိုခြင်း၊ ဖော်ပြခြင်းမပြုရန် တားမြစ်သည်ဟု MNDAA က ပြောသည်။

လက်ရှိ ရှုပ်ထွေးနေသော ပြည်တွင်းအခြေအနေအရ မလိုလားအပ်သော အငြင်းပွားမှုများနှင့် ပဋိပက္ခများက ကာကွယ်ရမည်ဟု MNDAA က ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို စစ်ရေးနှင့် တိုက်ပွဲများ ဖော်ဆောင်ခြင်းမပြုရန် ပြင်းပြင်းထန်ထန် ဖိအားများပေးလျက်ရှိရာ MNDAA ဘက်ကလည်း အဆိုပါ ဖိအားများ၏နောက်ဆက်တွဲ ကြေညာချက်များ မကြာခဏ ထုတ်ပြန်လေ့ရှိသည်ကို မြင်တွေ့ရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသတွင် ကိုးကန့်တပ် MNDAA က ညီနောင်မဟာမိတ်များအပါအဝင် PDF များဖြင့် ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်း အမြောက်အများနှင့် မြို့များကို သိမ်းပိုက်ထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ စစ်တိုင်းတစ်ခုဖြစ်သည့် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပြကာ လားရှိုးမြို့ကိုလည်း MNDAA က ထိန်းချုပ်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ