Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အောက်တိုဘာလ ၁ ရက်နေ့က အီရန်နိုင်ငံမှ အစ္စရေးနိုင်ငံကို ၁၉ တန်ခန့်လေးပြီး ၃၇ ပေရှည်လျားသော ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အီရန်နိုင်ငံက အစ္စရေးကို ဒုံးကျည် ၁၈၁ လုံးပစ်လွှတ်ခဲ့ပြီး အစ္စရေးဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ကာ အသေအပျောက်အများဆုံးဖြစ်ရပ်ကို ရပ်တန့်နိုင်ခဲ့ကြောင်း အစ္စရေးတပ်ဗိုလ်မှူး G ဆိုသူက ပြောသည်။

“ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတွေက သူတို့ထဲက အများစုကို ရပ်တန့်နိုင်ခဲ့ပြီး အစုလိုက်အပြုံလိုက် အသေအပျောက်အများဆုံးဖြစ်ရပ်ကို ရပ်တန့်နိုင်ခဲ့ပါတယ်” ဟု ဆိုသည်။

ပဲ့ထိန်းဒုံးကျည် ၁၈၁ လုံးထဲက ကြားဖြတ်တိုက်ခိုက်၍ ပျက်စီးသွားသော အီရန်ပဲ့ထိန်းဒုံးကျည်တစ်လုံး၏ အခွံကို အစ္စရေးစစ်တပ်က အောက်တိုဘာလ ၉ ရက်တွင် ကမ္ဘာကို ပြသခဲ့သည်။

အဆိုပါ အီရန်ပဲ့ထိန်းဒုံးကျည်မှာ ထိပ်ဖူး တစ်တန်လေးပြီး တစ်နာရီလျှင် ၃,၁၀၀ မိုင်နှုန်း မြန်ကြောင်းနှင့် လူဦးရေ ၂၈,၀၀၀ နေထိုင်ရာ အရတ်ဒ်မြို့အရောက် ၁ မိုင်အလိုတွင် အသံထက် ၅ ဆမြန်သည့် Arrow 3 ဖျက်ဒုံးဖြင့် အစ္စရေးစစ်တပ်က ပစ်ချဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးတပ် ဗိုလ်မှူး G ဆိုသူက “ဒါဟာ အစ္စရေးတွေကို တတ်နိုင်သမျှ သတ်ပစ်ဖို့ အောက်တိုဘာ ၁ ရက်နေ့က ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၁၈၀ ထဲက တစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အစ္စရေးစစ်တပ်က တန်ပြန်ပစ်ခတ်၍ ပျက်စီးသွားသော ၃၇ ပေရှည်လျားသည့် အီရန်ဒုံးကျည်ခွံကို အနီးအနားကလေးငယ်များက ပထမဆုံး တွေ့ဆုံခဲ့ပြီးနောက် အစ္စရေးစစ်တပ်က စစ်ဆေးကာ ကမ္ဘာကို အီရန်ဒုံးကျည်ဖြစ်ကြောင်း ချပြခဲ့ခြင်းဖြစ်သည်။

Ref: thesun.co.uk

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ