Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်တွင် အောက်တိုဘာလ ၁၁ ရက် ည ၁၁ နာရီအချိန်ခန့်စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး က ကလေးငယ် ၃ ဦးအပါ အဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောသည်။

ဘုတလင်မြို့၊ ဗန္ဓုလရပ်ကွက် သဖန်းလမ်းဆုံရှိ ဦးဖိုးကြာနှင့် ဒေါ်သင်းကုန်စုံဆိုင်ကို စစ်ကောင်စီတပ်သားအင်အား ၂၅ ဦးဝန်းကျင်က ကား ၁ စီးအပါအဝင် စစ်ကောင်စီတပ်သားများ အများအပြားဖြင့် တံခါးဖျက်ဝင်ရောက်ကာ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းမတိုင်မီ ဘုတလင်မြို့တစ်မြို့လုံးကို စစ်တပ်စစ်ကြောင်းက ဝင်ရောက်လှည့်လည်ရမ်းကားမှုများ လုပ် ဆောင်သဖြင့် ပြည်သူများအားလုံးထွက်ပြေးကြသော်လည်း အဆိုပါ မိသားစုများ ထွက်ပြေးဘဲ အိမ်တွင် ပုန်းအောင်းနေခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဆိုင်တံခါးကို ရိုက်ဖွင့်ပြီး ဦးဖိုးကြာ အပါအဝင် ၉ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသသတင်း ရင်းမြစ်က ပြောဆိုသည်။

“စကစတွေ မြို့ထဲကို အင်အားအလုံးအရင်းနဲ့ပတ်မွှေနေတာ၊ တမြို့လုံးလိုလို ထွက်ပြေးနေကြတယ်၊ အဲ့ဒီမိသားစုက ထွက်မပြေးဘဲ ကျန်နေခဲ့တာဗျ၊ မနက် ၁၂နာရီခွဲက ဖြစ်သွားတာ၊ သူတို့က စစ်တပ်ထောက်ခံတဲ့ မိသားစုတွေ မကြောက်တော့ မပြေးတာပေါ့။ ဟို(စကစ) စစ်ကြောင်းက ရက်ရက်စက်စက်သတ်သွားတာ၊ မွေးစားတူမလေးက ကိုင်ပေါက်သတ်ခံရတာ၊ ကျန်တဲ့ မိသားစုဝင်တွေက လက်ပြန်ကြိုးတုပ်ပြီး ခေါင်းကို သေနတ်နဲ့တေ့ပစ်သတ်ခံရတာ”ဟု ဒေသသတင်း ရင်းမြစ်က ပြောကြားသည်။

စစ်တပ်၏ သတ်ဖြတ်မှုခံရသူများမှာ အသက် ၆၁ နှစ်အရွယ် ဦးဖိုးကြာ၊ အသက် ၅၀ နှစ်အရွယ် ဒေါ်မာသင်း၊ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူ မသဲသဲ၊ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ရွှေဖြိုးအောင်၊ မွေးစားသမီး အသက် ၁၄ နှစ်အရွယ် ၊ မွေးစားတူမ အသက် ၆ နှစ်အရွယ် စုစုပေါင်း မိသားစုဝင် ၆ ဦးကို သတ်ဖြတ်သွားခြင်းဖြစ်သည်။

မိသားစုဝင် ၆ ဦးကို သတ်ဖြတ်သွားသော စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ မှဖြစ်ပြီး အောက်တိုဘာလ ၄ ရက်နေ့မှစတင်၍ ဘုတလင်မြို့နယ်အတွင်း စတင်ဝင်ရောက်လာခြင်း ဖြစ်သည်။

အဆိုပါ စစ်ကြောင်းက ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။

ရန်ကုန်ခေတ်သစ်သည် Western News ၏ မဟာမိတ် ဖြစ်သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ