Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ယနေ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်တွင် သိန္နီခရိုင် သံလွင်မြို့နယ် အီနိုင်ကျေးရွာက စစ်ကောင်စီဗုံးကြောင့် ထိခိုက်ပျက်စီးမှုများနှင့် သေဆုံးသူများအားတွေ့ရစဉ်။

ရှမ်းမြောက်ဒေသ သိန္နီခရိုင် သံလွင်မြို့နယ် အီနိုင်းကျေးရွာကို ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁ နာရီခန့်အချိန်တွင် ပေါင်ချိန်များသော ဗုံး ၃ လုံးနှင့် ဗုံးအသေးစား ၄ လုံးဖြင့် အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် အီနိုင်ကျေးရွာက အရပ်သား ၃ ဦး နေရာ၌ သေဆုံးသွားခဲ့ရပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသည်။

ဆက်လက်ပြီး အီနိုင်းကျေးရွာက နေအိမ် ၂၀ ကျော်နှင့် ဆေးခန်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ အခြား အများအပြည်သူဆိုင်ရာ အဆောက်အအုံများ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးခဲ့ရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း သိန္နီခရိုင် သံလွင်မြို့နယ် နမ့်ပေါင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းပျက်စီးသွားကာ အရပ်သားတစ်ဦး ညာလက်မောင်းမှာ ဒဏ်ရာရရှိခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် စာသင်ကျောင်းပျက်စီးခဲ့သည့်အပြင် အနီးနားရှိ မိသားစုမှ မွေးမြူထားသည့် နွားနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ