Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

(သီပေါကို TNLA သိမ်းပိုက်၊ လက်နက်စုံ ၂၀၀ နီးပါး သိမ်းဆည်းရမိ)

တအောင်းတပ် TNLA က သီပေါမြို့ကို သိမ်းပိုက်နေစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့ရပြီး ၈၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

TNLA က သီပေါမြို့ကို ဇူလိုင်လ ၂၀ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နှစ်လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ကာ မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့သည်။

သီပေါမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်နေစဉ်အတွင်း အရပ်သားပြည်သူများကို စစ်ကောင်စီက ဦးတည်ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများမှာ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

စာသင်ကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၄၇ အိမ်လည်း ဗုံးစထိမှန်၍ မီးလောင်ပျက်စီးခဲ့ရကြောင်း TNLA က ဆိုသည်။

စစ်ကောင်စီသည် လေကြောင်းက ဂျက်ဖိုက်တာဖြင့် ၁၀၅ ကြိမ်၊ Y12 ဖြင့် ၁၆၇ ကြိမ်၊ လက်နက်ကြီးဖြင့် ၁၈၉၃ ကြိမ်၊ ရော့ကတ်ဒုံးကျည်ဖြင့် ၈ ကြိမ်၊ ဟောင်ဝှစ်ဇာဖြင့် ၈ ကြိမ်၊ ထောက်ပို့လေယာဉ်ဖြင့် ၇၉ ကြိမ်၊ Y8 လေယာဉ်ဖြင့် ၂ ကြိမ်၊ Mi17 လေယာဉ်ဖြင့် ၅ ကြိမ် စသဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သို့သော်လည်း TNLA က သီပေါမြို့နယ်ရှိ ခမရ ၅၀၃ တပ်ရင်း၊ ခမရ ၅၀၄ တပ်ရင်းနှင့် ခလရ ၂၃ တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးအဆောက်အဦးများကို အလုံးစုံသိမ်းပိုက်ကာ မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သော ဟောင်ဝှစ်ဇာ လက်နက်ကြီးများ အပါအဝင် လက်နက်မျိုးစုံ ၁၅၅ လက်၊ 60 MM ၇ လက်၊ 81 MM ၁ လက်၊ RPG ၂ လက်၊ စက်လက် ၉ လက်၊ မိုင်း ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီ၏ အဓမ္မသွတ်သွင်းခြင်းကို ခံရ၍ စစ်မှုတာဝန်ထမ်းဆောင်နေကြသည့် ရဲမေ ၇၈ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး တပ်မိသားစုဝင်များနှင့်အတူ လူသားချင်း စာနာထောက်ထားသောနေဖြင့် TNLA က ပြန်လည်လွှတ်ပေးခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း တအာင်းတပ် TNLA က နောင်ချိုမြို၊ မိုးကုတ်မြို၊ မိုးမိတ်မြို၊ ကျောက်မဲမြိုနှင့် သီပေါမြို့ကို အလုံးစုံထိန်းချုပ် သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ