Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီးဗျူဟာ စွယ်တော်ကုန်းစခန်း သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေ့ကေ့ကော်မြို့သစ်က စစ်ကောင်စီတပ်စခန်း စွယ်တော်ကုန်းကို KNLA, PDF တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာတပ်စခန်းကို ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား ရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ဆိုသည်။

“လေ့ကေ့ကော်အနီး စွယ်တော်ကုန်းစခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက်မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစု သိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း ရရှိထားပါတယ်” ဟု ပြောသည်။

စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစခန်းသည် ပြည်သူများနေထိုင်သော ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အမြဲလိုလို ပစ်ခတ်နေသော စစ်ကောင်စီ၏ လက်နက်ကြီးစခန်းဖြစ်ပြီး KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ၃ လနီးပါး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ – လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီ၏ လက်နက်ကြီးဗျူဟာ စွယ်တော်ကုန်းစခန်း သိမ်းပိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ