Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အရပ်သားပြည်သူများ မထိတွေ့သင့်၊ မကိုင်တွယ်သင့်သော လက်နက်ကြီးကျည်များ။ (စစ်ကျန်လက်နက် မည်သည့်ပစ္စည်းများကိုမဆို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူမျာအား အသိပေးအကြောင်းကြားရမည်ဖြစ်သည်)

တအောင်းဒေသ TNLA ထိန်းချုပ်နယ်မြေ နမ့်ဖက်ကာမြို့နယ် ပန်ခါးကျေးရွာက ဒေသခံနှစ်ဦးမှာ စစ်ကျန်လက်နက်ကို ယူဆောင်လာရာမှ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားကြော်ငး TNLA က ယနေ့ အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

အရပ်သား အမျိုးသားနှစ်ဦးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က မပေါက်ကွဲသေးသည့် ၆၀ မမ လက်နက်အမျိုးအစား ဗုံးသီးတစ်လုံးကို ယူဆောင်လာပြီး ဖြုတ်ရာမှာ ပေါက်ကွဲမှုဖြစ်ကာ နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

” ဗုံးသီးထဲက ယမ်းမှုန့်များကို ထုတ်ယူဖို့ ကြိုးပမ်းချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားပါတယ်။ ” ဟု TNLA က ဆိုသည်။

သေဆုံးသွားသူ နှစ်ဦးမှာ ပန်ခါးကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ခွန်ဂျာချောင်နှင့် ခိုမုန်းကျေးရွာက အသက် ၆၀ နှစ်အရွယ် ဦးညီထွမ်းတို့ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့လည်း နမ့်ဖတ်ကာမြို့တွင် အမျိုးသားတစ်ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။

မေလ ၁၃ ရက်နေ့လည်း မပေါက်ကွဲသေးသည့် မိုင်းကို ကလေးများက ယူဆော့ရာမှ ပေါက်ကွဲ၍ ကလေး ၁ ဦး နေရာ၌ သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက််စပ်သတင်းများ