Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာစစ်တပ်ဦးဆောင်သော စစ်ကောင်စီ၏ အာဏာရှင်စနစ် ဧကန်မုချ ကျရှုံးရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။

ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်သည့် KIO တည်ထောင်နေ့ ၆၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံသော တော်လှန်ရေးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဧကန်မုချကျဆုံးမည်ဟု ပြောသည်။

နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။

ပြည်သူ့စစ်အဖွဲ့များအနေဖြင့်လည်း စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ်သိမ်းပြီး KIO နှင့်အတူ ပူးပေါင်းကြရန် ၎င်းက သတိပေးသည်။

KIO အနေဖြင့် အမြစ်ဖြတ်စစ်ဆင်ရေးကော်မတီကို ဖွဲ့စည်းထားပြီး သိမ်းပိုက်ရရှိထားသော နေရာများကို ပြန်လည်ထူထောင်ရေး၊ တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေး ထုတ်ပြန်သည်။

ကချင်တော်လှန်ရေးခရီးကြမ်းတွင် ခေါင်းဆောင်များ၏ အမျှော်အမြင်ကြီးမှု၊ ကချင်ပြည်သူလူထု၏ ပေးဆပ်မှု၊ စည်းလုံးညီညွတ်မှုနှင့် ကြံကြံခိုင်နိုင်မှုတို့ကို လေးစားတန်ဖိုးထားသကဲ့သို့ အသက်သွေးချွေး‌ ပေးဆပ်သွားသည့် ကချင်ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထု၏ ကျေးဇူးများကို အမြဲတမ်းအမှတ်ရ ကမ္မည်းတင်ထားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။

တော်လှန်ရေးသစ္စာခိုင်ကြည်မှုဖြင့် နွေဦးတော်လှန်ရေးအစမှ ယခုတိုင် မဟာမိတ်တိုင်းရင်းသားများ၊ တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလျက် လွတ်လပ်ပြီး ငြိမ်းချမ်းသည့် အနာဂတ်နိုင်ငံတော်သစ်ဆီကို မမှိတ်မသုန် ဆက်လက်လက်တွဲခိုင်မာလျက် ကြိုးပမ်းကြရန် NUG က တောင်းဆိုခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ