Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က ပျက်စီးသွားသော နေအိမ်များနှင့် အဆောက်အဦအချို့။ (ဓါတ်ပုံ - TNLA)

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ ဖြင့် လာရောက်တိုက်ခဲ့ကြောင်း TNLA က ပြောသည်။

အောက်တိုဘာလ ၂၇ ရက် ညနေ ၈ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။

ဗုံး ၁၁ လုံးထဲတွင် ပေါင် ၃၀၀ ဗုံးနှစ်လုံးပါဝင်ပြီး ည ၇ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၅ မိနစ်ကြား သပြေရပ်ကွက်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ ဗုံးကြောင့် သပြေရပ်ကွက်က သေဆုံးသွားသူမှာ အသက် ၆၀ အရွယ် ဦးသိန်းထွန်း ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၅၀ ကျော်အရွယ် ဒေါ်ပုဖြစ်သည်။

ယင်းအပြင် အောက်တိုဘာလ ၂၇ ရက်နေ့မှာပဲ နမ့်ခမ်းမြို့ကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သည့် မြို့နယ်၊ ကျေးရွာနှင့် နေရာဒေသများကို လေကြောင်းဖြင့် နေ့စဉ်ရက်စက် အသုံးပြုတိုက်ခိုက်နေသည်။

ဒေသခံပြည်သူများမှာ ထိခိုက်သေဆုံးမှုရှိသလို ပြည်သူပိုင်နေအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ကြောင်း TNLA ထုတ်ပြန်ပြောထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ