Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့က အရပ်သားနေအိမ်များကို ခြောက်လမ်းစုံဂိတ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓာတ်ဆီလောင်းမီးရှို့ခဲ့၍ နေအိမ် ၃ လုံး ပြာကျခဲ့ရသည်။ (ဓါတ်ပုံ - khonumthung)

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့က စ၍ တိုက်ပွဲဖြစ်ပွားနေကြသည်။

နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သော လက်နက်ကြီးများမှာ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို ထိခိုက်သွားပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးပါဝင်သည်။

ဟားခါးမြို့ရုန်းတောင်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှာ မြို့သစ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

ဟားခါးမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ထဲသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

ဆုတ်ခွာသွားသော တပ်ဖွဲ့ဝင်များမှာ မြို့ထဲက စစ်ကောင်စီတပ်ရင်းများဖြင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့အား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ဟားခါးတိုက်ပွဲမှာ ပြင်းထန်လျှက်ရှိနေသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ