Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နောင်ချိုဒေသက နေအိမ်များ။

ရှမ်းမြောက် တအောင်းဒေသက နောင်ချိုမြို့နယ် မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးသွားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၃ နာရီအချိန်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီခန့်တွင် နှစ်ကြိမ် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းတွင် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ ယမန်နေ့ နံနက်ပိုင်း ၁၀ နာရီမှ ၁၁ နာရီခွဲထိ ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးအလုံးရေ ၂၀ လုံးကျော် လာရောက်ကြဲချ တိုက်ခိုက်မှုကြောင့် ဆမ္မဆယ်ကျေးရွာရှိ ဒေသခံနေအိမ် ၄ လုံး ထိခိုက်ပျက်စီးသွားသည်။

ထို့အပြင် နိုဝင်ဘာလ ၃ ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် နောင်ချိုမြို့နယ် ဘူတာရပ်ကွက် ၅ ကတ္တီပင်ဘုန်းကြီးကျောင်းအနီးတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၇ လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ