Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

View Post

တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးအား ဖမ်းဆီး ရရှိကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF – Asho ထုတ်ပြန်သည်။

အာရက္ခတပ်တော် AA မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့် ရခိုင်ပြည်စပ်ရှိ CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း CDF – Asho နိုဝင်ဘာ ၈ ရက်နေ့တွင်က ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က အမ်းမြို့ နပခရှိ ခမရ ၃၇၃ မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ကိုသက်နိုင်နှင့် ကိုသက်နိုင်ဦးတို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိခဲ့ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF – Asho ထုတ်ပြန်သည်။

ထို့အပြင် နိုဝင်ဘာ ၃ ရက်နေ့ တွင်လည်း ခမရ ၃၇၁၊ ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ကိုရဲမွန်ဦးနှင့် တပ်သား ကိုကျော်မင်းဦးတို့ ၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများအား နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF-Asho စစ်ဘက်ရေးရာရုံး ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာရက္ခတပ်တော် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှ စစ်ဌာနအားလုံးနီးပါးကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲများ နှစ်ဖက်တိုက်ပွဲများလည်း ပြင်းထန်နေကြာင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ