Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အမ်းမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ စစ်စခန်းများအား တွေ့ရစဉ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ စစ်စခန်းအချို့ကို သိမ်းပိုက်ရရှိထားကြောင်း အာရက္ခတပ်တော် AA က ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်က သတင်းထုတ်ပြန်ထားသည်။

အမ်းမြို့ထဲက သိမ်းပိုက်ရရှိထားသော စခန်းများမှာ –

၁။ ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း
၂။ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း
၃။ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
၄။ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ
၅။ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
၆။ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ
၇။ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်
၈။ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့

ကျန်ရှိ နေသေးသောစခန်းများဖြစ်သည့် –

(၁) နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်
(၂) ဆလအခွဲ (၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
(၃) ခမရ (၃၇၁) -အမှတ် (၃၇၁) ခြေမြန်တပ်ရင်း
(၄) ခမရ (၃၇၂) – အမှတ် (၃၇၂) ခြေမြန်တပ်ရင်း
(၅) လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ
(၆) ထပခ (၉၂၆) – အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ
(၇) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
(၈) အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
(၉) တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ
(၁၀) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။

ထို့ပြင် သိမ်းပိုက်ရရှိထားပြီးသောစခန်းများမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိသောကြောင့် အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း AA က ဆိုသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ