ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့အထိ တစ်နှစ်တာအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားပိုင် နေအိမ်များနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ စုစုပေါင်း ၁၅၃ ခု ပျက်စီးဆုံးရှုံးသွားကြောင်း AA က ထုတ်ပြန်ထားသည်။
ပျက်စီးဆုံးရှုံးသွားသော အဆောက်အအုံများမှာ ဆေးရုံ ၁၂ လုံး၊ စာသင်ကျောင်း ၃၀ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၇၀ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း၊ ဗလီ ၂ လုံး၊ ဈေး ၂၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၁၇ ခုတို့ ဖြစ်ကြောင်း သိရသည်။
မြို့နယ်နှင့် ပျက်စီးသည့်အဆောက်အအုံ အသေးစိတ်အချက်အလက်များကို အောက်ပါ ပုံများတွင် ကြည့်ရှုနိုင်သည်။