Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ခင်ဦးမြို့နယ်အတွင်းက မီးရှို့ခံရသည့်ရွာများနှင့် စစ်ဘေးရှောင်ပြည်သူများ / CJ

စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည် အစပ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ကျေးရွာ ၅ ရွာကို ဆက်တိုက် စစ်ကြောင်းထိုးမီးရှို့ ဖျက်ဆီးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီခန့်အချိန်စတင်ပြီး ရေဦးမြို့နယ် မြောက်ခြမ်းရှိ ရွာဗုကြီးနှင့် ဆီဆုံရွာတို့၌ တပ်စွဲထားသော အင်အား ၁၈၀ ခန့်ပါ စစ်ကြောင်းသည် ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ကလဇင်ရွာ၊ မုံတိုင်ပင်ရွာနှင့် ဆီဆုံရွာတို့ကို ဝင်ရောက် မီးရှို့နေခြင်း ဖြစ်သည်။

စစ်ကောင်စီ စစ်ကြောင်းသည် ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး မီးရှိုနေခြင်း ဖြစ်သည်။

ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က”ရေးဦးနဲ့ တန့်ဆည် နယ်စပ်က ကျေးရွာ ၃ ရွာကို ဒီနေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးတယ်။ အခုလည်း ကျေးရွာ ၂ ရွာကို ထပ်ရှို့နေတယ်။ ဆက်တိုက် စစ်ကြောင်းထိုးလာတာ ပြည်သူတွေလည်း ထွက်ပြေးနေရတာ မနည်းဘူး။ စစ်ရှောင် အရေအတွက် ပိုနိုင်တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိမရှိတော့ အတည်မပြုနိုင်သေးဘူး။ အင်အားများတော့ တပ်ဖြန့်ထားတယ်။ ရွာနားကို ကပ်မရဘူး” ဟုပြောဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၀ ကျော်မှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ညပိုင်းကလည်း တန့်ဆည်မြို့နယ် အတွင်းရှိ လူအင်အား ၅၀ ပါ စစ်တပ် စစ်ကြောင်းကလည်း ခပေါင်းကြိုင်ရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ