Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

စစ်ကိုင်းတိုင်းဒေသ ပုလဲမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့ဝင်များ၊ အညာညီနောင်တပ်ဖွဲ့များနှင့်အတူ ပူးတိုက်ခိုက်နေသည့် ဦးဆောင်တပ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်မှာ စစ်ကောင်စီ လေကြောင်းကြောင့် ပုလဲမြို့ထဲက ဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။

ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်ခဲ့ပြီးနောက် ၄၈ နာရီအကြာတွင် ပုလဲမြို့ပေါ်က စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း BNRA က ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ နမခ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ ၇၀ ကျော် ပစ်ကူပေးသည့်ကြားမှ ပုလဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ကူအများအပြားကြားမှ အချိန်တိုအတွင်း ပုလဲမြို့အား ထိန်းချုပ်နိုင်ခဲ့သည်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အဘက်ဘက်မှ ပြင်ဆင်ကြိုးစားဆောင်ရွက်ခဲ့သည်။

မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများနှင့်အတူ အဘက်ဘက်မှ ပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့် တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေးစတုတ္ထရက်မြောက် ညနေပိုင်းတွင် ပုလဲမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း BNRA တပ်က တရားဝင်ထုတ်ပြန် ပြောကြားထားသည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် စစ်ကောင်စီဖက်မှ စစ်သုံ့ပန်း ၂၅ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းနှင့် BNRA ဖက်မှလည်း စစ်ဆင်ရေးအတွင်း ရဲဘော် ၉ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရ ၁၀ ဦးနှင့် Generation Z Army – GZA မှ ၁ ဦး ရှိခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း MA1 ၅ လက် ၊ MA2 ၂ လက်၊ MA3 ၄ လက်၊ MA4 ထောက်တွဲ ၁ လက်၊ G3 ၆ လက်၊ G4 2 လက်၊ ပစ္စတို MA5 ၁ လက်၊ M9ဗုံးသီး ၆၀ လုံး၊ လက်ပစ်ဗုံး ၂ လုံး ၊ တိုက်မိုင်း ၃ လုံး၊ နင်းမိုင်း ၁ လုံး၊ လက်ပစ်စနစ်တံ ၆ ခု၊ တိုက်မိုင်ဖြူး ၃ ခု၊ G3ကျည်နှင့် ကပစ ၅.၅၆ကျည် အများအပြား၊ G3ကျည်ဘောက်အပို ၄ ဘောက်၊ MA အပိုကျည်ဘောက် ၂၉ ဘောက် တို့ကို သိမ်းဆည်းရမိခဲ့သည်။

ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ လက်သံပြောင်သော ဗိုလ်အောင်မောင်း၏ Southern Yesagyo (SYSO) တို့ စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ချင်းညီနောင်စစ်ဆင်ရေး (CB Operation) နှင့်ချိတ်ဆက်၍လည်း Coordinated Movement အဖြစ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သောကြောင့် ယခုကဲ့သို့သော အတိုင်းအတာအထိအောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း BNRA က ဆိုသည်။

ချင်းညီနောင်စစ်ဆင်ရေးတွင်လည်း အညာညီနောင်နှစ်ဖော်ဖြစ်သည့် BNRA & GZA တို့အနေဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်းနှင့် ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များကို ပုလဲမြို့နယ် ပကဖ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ