Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ - ကိုးကန့်သတင်း

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်က သံလွင့်နှင့် နန်းဘန်းကျေးရွာတို့ကို ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်သည်။

ညနေ ၇ နာရီ ၃၀ မိနစ်တွင် ဗုံး ၄ လုံးထက်မနည်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သံလွင်တရုတ်စာသင်ကျောင်းနှင့် နန်းဘန်းမြန်မာအထက်တန်းကျောင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ရသည်။

ယင်းအပြင် အဆိုပါ ကျေးရွာများက လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်နေအချိန် MNDAA ထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။

ISP မြန်မာ၏ အစီရင်ခံစာအရ စစ်ကောင်စီ၏ မြန်မာနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၇၁၀၀ ကျော်ရှိပြီး ယင်းအထဲက တစ်ဝက်ကျော်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဖြစ်ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ