ထိုင်း-မြန်မာနယ်စပ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာတွင် UWSA ဝ တပ်က တပ်စခန်း ၈ ခုထက်မနည်းကို နေရာယူတပ်စွဲထားသည်ဟုဆိုကာ ထိုင်းစစ်တပ်က စွပ်စွဲပြီး စစ်ကြေညာထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင်တွင် နယ်မြေအငြင်းပွားမှု ဖြစ်နေသော နေရာက ဝ တပ်စခန်းများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးရမည်ဟု ထိုင်းစစ်တပ်က ဝ တပ်များကို အမိန့်ပေးထားကြောင်း ထိုင်းသတင်းဌာနကများက ဖော်ပြကြသည်။
ထိုင်းစစ်တပ်က ထိုသို့ အမိန့်ပေးပြီးနောက် UWSA ဝ တပ်နှင့် ထိုင်းတော်ဝင်တပ်တို့မှာ နှစ်ဖက် စစ်ရေးတင်းမာကာ အပြန်အလှန်တိုက်ခိုက်ရန် လက်နက်ကြီးများ၊ အမြောက်တပ်များ အဆင်သင့် ပြင်ဆင်လျှက်ရှိထားကြကြောင်း သိရသည်။
UWSA ဝ တပ်ကမူ ထိုင်းစစ်တပ်၏ သတိပေးမှုကို အလေးထားသည့်အနေဖြင့် နိုင်ငံတော်ချင်း ဖြေးရှင်းရမည့် ကိစ္စဖြစ်နေ၍ စစ်ကောင်စီထံသို့ တင်ပြပြောဆိုထားကြောင်း UWSA တာဝန်ရှိသူများက မီဒီယာများသို့ ပြောဆိုထားကြသည်။
နယ်မြေပိုင်ဆိုင်မှု ဖြေရှင်းနေစဉ်ကာလအတွင်း ဝ တပ်က နေရာယူတပ်စွဲထားခြင်းသည် ကျူးကျော်မှုအဖြစ် ထိုင်းအစိုးရက သတ်မှတ်ထားခြင်းကြောင့် ဝ ကို ထိုင်းက ဖိအားပေး ပြောဆိုလာခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ နယ်မြေများကို ၁၉၉၅ ခုနှစ်မတိုင်မီက ခွန်ဆာ ခေါင်းဆောင်သော MTA က သိမ်းပိုက်ခဲ့သော နေရာများဖြစ်ပြီး UWSA က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။