Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ။

ကရင်နီပြည် (ကယား) လွိုင်ကော်မြို့အနီးကို လာသော စစ်ကောင်စီ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်၍ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးကာ ၆ ဦးအရှင်ဖမ်းမိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတစ်ဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်ဖြင့် ချီတက်လာသော စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး လက်နက် ၂၂ လက်လည်း သိမ်းဆည်းရမိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဖုန်းနိုင်နှင့် ကရင်နီစစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

“မိုးဗြဲမြို့၊ ကုန်းသာရွာတိုက်ပွဲမှာ ၅ ယောက်အရှင်မိတယ်၊ လက်နက် ၂၂ လက်ရပါတယ်။ ကျနော်တို့ သိမ်းဆည်းရရှိတာလောက်ပဲ သိရသေးတယ်။ တိုက်ပွဲက ၂၅ ၊ ၂၆ ရက်နေ့ ၂ ရက်ဖြစ်တာ၊ တိုက်ပွဲမှာတော့ ကျနော်တို့ဖက်က ရဲဘော်တွေ ထိခိုက်မှုမရှိပါဘူး” ဟု ပြောသည်။

စစ်ကောင်စီ၏ အဆိုပါ စစ်ကြောင်းမှာ တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ မှ တပ်သားများဖြစ်ပြီး အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခြင်းခံရသူများလည်း ပါဝင်ကြောင်းနှင့် ယင်းအထဲက ၆ ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ခလရ ၈၀ တပ်ရင်းသည် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ အင်းမမြို့နယ်အခြေစိုက် တပ်ရင်းဖြစ်ပြီး ကရင်နီပြည်သို့ မကြာခဏပို့ဆောင်ခံရကာ ပို့ဆောင်ခံရသည့်အကြိမ်တိုင်း တော်လှန်ရေးတပ်ဖွဲ့များထံ တိုက်ခိုက်ခံရေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ