Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် အမ်းတိုက်ပွဲအတွင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့က SAF နှင့် မဟာမိတ်တပ်ဖွဲ့များက ဖမ်းဆီးရမိသော စစ်သုံ့ပန်းမျာ (စစ်ကောင်စီတပ်သားများ)။ (ဓါတ်ပုံ - SAF)

ရခိုင်ပြည် အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က အမ်း နောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် SAF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဗိုလ်မှူး ဇော်ထက်နောင် ဦးဆောင်သော စစ်ကြောင်းသည် တစ်မိုင်ကုန်းမှ ဆုတ်ခွာလာပြီး အမ်း-ပဒါန်းလမ်းတစ်နေရာ အရောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု SAF က ပြောသည်။

ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သုံ့ပန်း ၁၄ ဦး၊ လက်နက် ၂ လက်နှင့် ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် တိုက်ပွဲတွင်း ဖွဲ့စည်းပုံပျက်ကာ တကွဲတပြားစီ ထွက်ပြေး​လျက်ရှိနေ၍ တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းလျက်ရှိကြောင်း SAF က ပြောသည်။

တစ်မိုင်ကုန်းက ဆုတ်ခွာလသော စစ်ကောင်စီ စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော် SAF နှင့် အတူ အရှိုချင်းကာကွယ်​ရေးတပ်ဖွဲ့ ACDF ၊ မင်းဘူးခရိုင် အမှတ် (၂) တပ်ရင်းတို့
ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီး ရမိထားသည့် စစ်သုံ့ပန်းများအား လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး၍ စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ဟု SAF က ထုတ်ပြန်ထားသည်။

“ဖိနှိပ်ခံလူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့” ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ပြောဆိုထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ