Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပျက်စီးသွားသော တောင်ကုတ်မြို့မဈေး။ (ဓါတ်ပုံ - APM)

ရခိုင်ပြည် တောင်ကုတ်မြို့မဈေးကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်၍ ဈေးတစ်ခုလုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက် ည ၈ နာရီခန့်တွင် စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးထက်မနည်း တိုက်ခိုက်ခဲ့၍ မြို့မဈေးမှာ ရစရာမရှိအောင် ပျက်စီးသွားခြင်းဖြစ်သည်။

တောင်ကုတ်မြို့မဈေးမှာ ဈေးဆိုင်ခန်းပေါင်း ၆၀ ခန့်ရှိပြီး ဈေးဆိုင်းခန်းအားလုံးမှာ ပျက်စီးသွားကြောင်းနှင့် ညဈေးတန်းလည်း ဗုံးကြဲတိုက်ခိုက်ခံရ၍ ဆိုင်ခန်းပေါင်း ၂၀ ကျော် ပျက်စီးသွားသည်။

ယင်းအပြင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ တောင်ကုတ်မြို့ထဲက လူနေအိမ်အများစုမှာလည်း ပျက်စီးသွားပြီး အထူးသဖြင့် ဂူတာရပ်ကွက်၊ လျှပ်စစ်လမ်းနှင့် သိမ်တောင်ရပ်ကွက်တို့တွင် အပျက်အစီးများကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ