Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- စစ်ကိုင်းတိုင်းအတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။

အာရက္ခတပ်တော် AA ကို ဆက်လက်တိုက်ခိုက်ရန်အတွက် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို စေလွှတ်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနှင့် ရန်ကုန်တိုင်းက ခြေမြန်တပ်ရင်း (၁) ရင်းတို့ကို ပြီးခဲ့သည် နိုဝင်ဘာ လက ရခိုင်ဖက်ကို စေလွှတ်ခဲ့ရာတွင် တပ်သားများသည် ထွက်ပြေးသွားကြောင်း သိရသည်။

ယင်းတို့မှာ အနောက်တောင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၁၊ ခလရ ၅၁၊ ခလရ ၆၃နှင့် ရန်ကုန်တိုင်း လက်အောက်ခံ ခမရ ၅၃၂ တပ်များဖြစ်ကြပြီး အခြားတပ်ရင်းများမှာ စစ်ဆေးခံနေရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦး Western News ကို ပြောသည်။

“ပြီးခဲ့တဲ့လက စေလွှတ်ခဲ့တာပါ။ အဲ့မှာ စစ်ကူလွှတ်ခဲ့တဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၁၊ ခလရ ၅၁၊ ခလရ ၆၃ ပါတယ်။ ဧရာဝတီတိုင်းက ခြေလျင်တပ်ရင်း (၃) ရင်းနဲ့ အဲ့ဒီမှာ ရန်ကုန်တိုင်းလက်အောက်ခံ ခမရ ၅၃၂ တပ်တွေ ထွက်ပြေးသွားတာပါ။ တစ်ချို့ တပ်ရင်းတွေ လမ်းမှာ တိုက်ခိုက်ခံရတယ်ဆိုတာကို သိရတယ်”ဟုပြောသည်။

အဆိုပါတပ်ရင်းများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်ကူလွှတ်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည် တောင်ကုတ်မြို့နှင့် အမ်းမြို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို စစ်ကူတိုက်ခိုက်ရန်အတွက် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

အဆိုပါ ထွက်ပြေးသွားပြီးနောက် အခြားတပ်ရင်းများ စစ်ဆေးခံနေရပြီး ယင်းသို့ ထွက်ပြေးစဉ်မှာ တော်လှန်ရေး တပ်ဖွဲ့အချို့နှင့် AA ဆီတို့မှာ ဖမ်းဆီးခံရမှုများနှင့် သေဆုံးမှုများ ရှိနေကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

သတင်းရင်းမြစ်၏ ပြောဆိုချက်အရ ထွက်ပြေးသွားသည့် တပ်ရင်းများမှာ ဟင်္သာတမြို့အခြေစိုက် အမှတ် ၁၈ ခြေလျင်တပ်ရင်း၊ မေမြို့အခြေစိုက် အမှတ် ၆၃ ခြေလျင်တပ်ရင်း၊ မြန်အောင်မြို့ အခြေစိုက် အမှတ် ၅၁ ခြေလျင် တပ်ရင်းနှင့် လှိုင်သာမြို့အခြေစိုက် အမှတ် ၅၃၂ ခြေလျင်တပ်ရင်းတို့ ဖြစ်ကြသည်။

အင်အားနှင့် လက်နက်ခဲယမ်း အများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာနေသည်။

AA က လက်ရှိတွင် အမ်းမြို့ကို သိမ်းထားပြီး အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ စသည့်ဒေသများမှ ပိတ်ဆို့တားဆီးကာ တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်နေ့က အာရက္ခတပ်တော် AA သည် အမ်းလေဆိပ်အပါအဝင် အမ်းမြို့ထဲက ဌာနဆိုင်ရာရုံး အားလုံးနှင့် တပ်ရင်းတပ်ဖွဲ့ စစ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ