Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- သံတွဲ၊ ငပလီ၊ ဂျိတ္တော၊ ဂွမြို့နယ်က စစ်ဘေးသင့် ပြည်သူများ၊ ဓါတ်ပုံ/ သက်လွင်ဖြိုး

ကစဉ့်ကလျားဖြင့် ထွက်ပြေးခဲ့ရသော သံတွဲ၊ ငပလီ၊ ဂျိတ္တော၊ ကျိန္တလီ၊ ဂွမြို့နယ်က စစ်ဘေးသင့် ပြည်သူများမှာ စားနပ်ရိက္ခာများ ပြတ်လပ်မှုများနှင့် ကြုံနေရပြီး အရေးပေါ် အကူအညီများ ရရှိရေး မျော်လင့်နေကြောင်း သိရသည်။

သံတွဲ၊ ငပလီ၊ ဂျိတ္တော၊ ကျိန္တလီ၊ ဂွမြို့နယ်က ၆သောင်း နီးပါးသော စစ်ဘေးသင့် ပြည်သူများမှာ နီးစပ်ရာ ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် အဆောက်ဦးများတွင် နေထိုင်နေရပြီး ရိက္ခာများလည်း ပြတ်လပ် နေသည်။

တစ်ချို့ စစ်ဘေးသင့်ပြည်သူများမှာ မိမိနေအိမ်များ မီးလောင်ကျွမ်းခြင်းနှင့် လက်နက်ကြီးကျရောက်ပြီး ပျက်စီးသွားသော နေအိမ်များတွင် မနေထိုင်ရဲတော့ဘဲ လမ်းဘေးများတွင် တဲထိုးပြီး ရက်အကြာကြီး နေထိုင်နေရသည် ကိုလည်း တွေ့ရသည်။

တစ်ချို့ စစ်ဘေးသင့် ပြည်သူများသည် စစ်ကောင်စီ လေကြောင်းအန္တရာယ်ကြောင့် မိမိအိမ်တွင် မနေထိုင်ရဲတော့ဘဲ ကြုံကြိုက်သော နေရာများတွင် နေထိုင် နေရသည့် အခြေအနေများလည်း ရှိကြောင်း စစ်ဘေးသင့်သူများကို ကူညီနေသူများက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ