Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် မောင်တောမြို့အား မကျစေရေးအတွက် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များကို စည်းရုံးပြီး လက်နက်တင်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းအပါအဝင် လူမျိုးရေးပဋိပက္ခများအား ဖန်တီးကာ အာရက္ခတပ်တော် AA ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက် အောက်ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။

အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနှင့် RSO၊ ARSA၊ ARA အဖွဲ့ဝင်များ၊ စစ်ကောင်စီက သင်တန်းပေးထားသည့် မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို စစ် သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။

မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု ဖြစ်သော အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာလ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော်က အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့သည်။

ထို့အပြင် မောင်တော ဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး နခခ ၅ ထဲမှ ထွက်ပြေး လွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရှိသောကြောင့် ၎င်းတို့အားလိုက်လံရှာဖွေလျက် ရှိသည်။

နခခ (၅) စခန်းသည် စစ်အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ကြောင်း သိရသည်။

နခခ (၅) စခန်းကို လွန်ခဲ့သော ၂ လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို့ထားကာ ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ပြီး ထိုးစစ်အတွင်း စစ်ကောင်စီ စစ်သား ၄၅၀ အထက် သေဆုံးနိုင်ခဲ့ကာ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ