Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - အာရက္ခတပ်တော် AA ထံ အမ်း နပခ မှ အလံဖြူထောင် အလင်းဝင်လာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - AA Video)

ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက အာရက္ခတပ်တော် AA ထုတ်ပြန်သော အမ်း နပခ ပကတိမြေပြင်အခြေအနေ ဗီဒီယိုဖိုင်သည် မာန်အောင်၊ စစ်တွေနှင့် ကျောက်ဖြူမြို့တွင်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အမြန်ဆုံးလက်နက်ချရန် ပြောလိုခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။

အမ်း နပခ ပကတိမြေပြင်အခြေအနေမှာ လက်နက်ချအညံ့ခံခြင်းနှင့် အလံဖြူထောင်အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော် AA က အသက်ချမ်းသာခွင့် ပေးထားပြီး မိသား၊ ဆွေမျိုးများဖြင့်လည်း ပြန်လည်တွေ့ဆုံခွင့်ပေးမည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ပြောထားသည်။

အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီကို တွေ့မြင်ရပြီး ၎င်းတို့အားလုံးမှာ အသက်ရှင်နေကြသည်ကို တွေ့မြင်ရပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ စသဖြင့် အမ်း နပခ တပ်ရင်းအနေဖြင့်လည်း အမြန်ဆုံးလက်နက်ချကြရန် သုံးသပ်သူများက ပြောဆိုကြသည်။

AA က “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်” ဟု ရခိုင်ပြည်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မောင်တော နခခ ၅ တပ်စခန်းက ထွက်ပြေးသွားသော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့အား အာရက္ခတပ်တော် AA က ဖမ်းဆီးထားပြီး အသက်ရှင်ခွင့်ပေးထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ