Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ရခိုင်ပြည် သံတွဲမြို့ပေါ်က လူနေအိမ်များ ပျက်စီးသွားစဉ်။ (ဓါတ်ပုံ - APM)

ရခိုင်ပြည် သံတွဲမြို့ပေါ်ရပ်ကွက်များကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဒီဇင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူ အမျိုးသမီးမှာ မြို့ပေါ် (၇) ရပ်ကွက်က အသက် ၆၉ နှစ်နှစ်အရွယ် ဒေါ်ခင်မေရီ ဖြစ်ပြီး မျက်နှာနှင့် မျက်စိနားမှာ ဗုံးစထိမှန်သွားကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၅ ဆောင်ထက်မနည်းလည်း မီးလောင်ပျက်စီးသွားသည်။

ဖြစ်စဉ်အသေးစိတ်အား စုံစမ်းနေဆဲဖြစ်ပြီး သံတွဲမြို့နယ်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးသူ ရာနှင့်ချီရှိကြောင်းလည်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ