(ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို အရှင် ဖမ်းဆီးရမိ)
အာရက္ခတပ်တော် AA က ရခိုင်ပြည် အမ်းမြို့မှာရှိသော စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ ဒီဇင်ဘာလ ၂၀ ရက်တွင် အတည်ပြု ပြောကြားထားသည်။
နပခ တစ်ခုလုံးအား သိမ်းပိုက်ရရှိသည့်အပြင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိဟု AA က တရားဝင်အတည်ပြုထားသည်။
“ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း ဖမ်းဆီးရရှိထားပြီးဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း လိုက်လံ ဖမ်းဆီးနေတာရှိပါတယ်” ဟု ULA/AA ပြောခွင့်ရ ခိုင်သုခက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် နပခ ဌာနချုပ်တစ်ခုလုံးကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။