ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စစ်ကောင်စီတပ်အင်အား စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးခဲ့ကြောင်း သိရသည်။
အာရက္ခတပ်တော် AA အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခကို ထိုးစစ်ဆင် တိုက်ခိုက်နေအချိန်အတွင်း စစ်ကောင်စီဖက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် မရပ်မနား ပစ်ကူ ပေးခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။
“မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား သိမ်းပိုက်ခဲ့သည်” ဟု AA က ဆိုသည်။
အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဒီဇင်ဘာ ၂၀ ရက်နေ့ AA က အပြီးအပိုင် သိမ်းပိုက် ရရှိခဲ့သည်။
AA ၏ ထိုးစစ်ကို ခံနိုင်ရည်မရှိသော ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နောက်တွင် အလံဖြူထောင် လက်နက်ချခဲ့သည်ကို ရုပ်သံ မှတ်တမ်းများကို AA ယခု ရက်ပိုင်းအတွင်းတွင် ထုတ်ပြခဲ့သည်။
နောက်ဆုံးတွင် နပခမှ ဗိုလ်မှူးချုပ် ကျော်ကျော်သန်း (တိုင်းဦးစီးချုပ်)၊ ဗိုလ်မှူးချုပ် သောင်းထွန်း (ဒုတိုင်းမှူး) ဗိုလ်ကြီး အောင်စစ်နိုင် (ဆက်သွယ်ရေးအရာရှိ)နှင့် အရာခံဗိုလ် အေးသိန်း (ရုံးအုပ်ချုပ်ရေး) တို့ကို AA က ဖမ်းဆီးနိုင်ခဲ့သည်။
AA သည် ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့ နှင့် မောင်တောမြို့တို့ကိုအာရက္ခတပ်တော် AA က အပြီးအသတ် သိမ်းပိုက်ထားသည့်မြို့နယ်များ ဖြစ်လာသည်။
ရခိုင်ပြည်အတွင်း စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့သာ ကျန်ရှိတော့သာ ကျန်ရှိမည် ဖြစ်ပြီး အဆိုပါ မြို့နယ်များတွင် ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး အလင်းဝင်ရောက်ရန် ရခိုင်ပြည်သူများက လိုလားနေကြသည်။