Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံ- အမ်းမြို့နယ်အတွင်း အကူညီလိုအပ်နေသော စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။ (ဓါတ်ပုံ - HDCO)

(စစ်ရှောင်ပြည်သူများ အကူအညီလိုအပ်နေ)

ရခိုင်ပြည် အမ်းမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီ စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃ ဦးသေဆုံးပြီး ၃၆ ဦးအထိ ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ နိုဝင်ဘာလ ၁၁ ရက်ကနေ ၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့အထိ အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ကောက်ယူထားခြင်းဖြစ်ကြောင်း HDCO ကဆိုသည်။

သေဆုံးသူ မိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်းလည်း သိရသည်။

အမ်းမြို့နှင့် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် AA ၏ ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့လယ်ပိုင်းတွင် သိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီ စစ်တပ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် အမ်းပြည်သူများမှာ စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေသည်ဟု HDCO က တောင်းဆိုထားသည်။

ဧပြီလက ပြင်းပြင်းထန်ထန် စတင်ခဲ့သည့် အမ်းမြို့နယ် တိုက်ပွဲများအတွင်း ဒေသခံပြည်သူ သောင်းနှင့်ချီ အိုးအိမ်စွန့်ခွာခဲ့ရကြောင်းနှင့် ၎င်းတို့အားလုံးမှာ ဖြစ်သလို နေထိုင်နေရကြောင်းလည်း သိရသည်။

“လတ်တလော စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ အမိုးအကာများ၊အိုးခွက်ပန်းကန်စသော မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ မိခင်နှင့်ကလေးများအတွက် အာဟာရများ၊ခြင်ထောင်များ အပြင် ဆောင်းရာသီ‌တွင်း ဖြစ်သဖြင့် အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိပါသည်” ဟု HDCO က ဆိုသည်။

အချို့သော စစ်ရှောင်ပြည်သူများမှာ နေရာ အတည်တကျမရှိဘဲ မြေကွက်လပ်များတွင် ယာယီတဲထိုး၍ စစ်ရှောင်လျက်ရှိပြီး ၎င်းတို့အတွက် အမိုးအကာများလည်း အရေးတကြီးလိုအပ်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ