Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ပဲခူးရိုးမဒေသမှာ အာဏာသိမ်း စစ်ကောင်စီက စစ်ကြောင်းထိုးလာနေ၍ သာယာဝတီခရိုင် PDF အနေဖြင့် ပဲခူးတိုင်းဒေသမှာ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊ မိုးညိုမြို့၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ်တို့နှင့် ထိစပ်နေသော ပဲခူးရိုးမအတွင်း စစ်ကောင်စီ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

စစ်ကောင်စီက စစ်ကြောင်းထိုးလျှင် တိုက်ပွဲများ ပြင်းထန်လာနိုင်ပြီး မြို့သိမ်းတိုက်ပွဲများပါ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သာယာဝတီခရိုင် PDF က အသိပေးထားသည်။

“ပြည်သူတွေအနေနဲ့ ရိုးမ မှာရော မြို့ပေါ်မှာပါ အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်လို့ ကြိုတင်ပြင်ဆင်ထားကြပါ။ မြို့သိမ်းဆိုတာမျိုးအထိ ဖြစ်သွားနိုင်တာမို့ ကြုံလာနိုင်တဲ့အခြေအနေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အာဏာသိမ်း စစ်ကောင်စီ စစ်တပ်သည် ပဲခူးရိုးမအတွင်း လေယာဉ်ဖြင့် ကင်းထောက်ခြင်းများ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ်များ ဆက်တိုက်ပျံဝဲခြင်းများ လုပ်ဆောင်နေပြီး တော်လှန်ရေး တပ်ဖွဲ့များကလည်း စောင့်ကြည့်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ပြင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ် ၈ ခုတွင် စစ်ကောင်စီ စစ်တပ်က နယ်မြေ စိုးမိုးနိုင်ရေး လုပ်ဆောင်ရာတွင် တပ်မ ၇၇ နှင့် ၁၀၁ တို့ကို ညွှန်ကြားချက်ပါအတိုင်း စစ်ကြောင်း ၄ ကြောင်းဖွဲ့စည်းထားပြီး စိုးမိုးနယ်မြေ အဖြစ် ပြန်လည်သိမ်းပိုက်ရန် ကက ကြည်းနှင့် စစ်ဆင်ရေး အထူးအဖွဲ့ တို့က ကွပ်ကဲဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ