Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့်နေ့တွင် ရခိုင်ပြည်မြို့တော် စစ်တွေမြို့အတွင်း သံချပ်ကာများဖြင့် စစ်ကောင်စီက ကင်းလှည့်ဆောင်ရွက်ခဲ့သည်။ (ဓါတ်ပုံ - CJ)

စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော ရခိုင်ပြည် စစ်တွေမြို့ရှိ အမြောက်တပ်ရင်းများက လက်နက်ကြီးလှမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်သေဆုံးသွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တွေမြို့ရှိ စစ်ကောင်စီ အမြောက်တပ်ရင်း ၃၄၄ နှင့် ပွိုင့်ကမ်းနားလမ်းရှိ ရေတပ်ဌာနချုပ်ထဲက လက်နက်ကြီးများဖြင့် ပေါက်တောမြို့ဘက်သို့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၈ နာရီခွဲအချိန်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သတင်းရင်းမြစ်တစ်ဦးက “မနေ့ညက စစ်တွေက ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာကို ကျရောက်ပေါက်ကွဲပါတယ်။ အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တာပါ” ဟု ပြောသည်။

လက်နက်ကျည်စထိမှန်၍ သေဆုံးသွားရသည့် အမျိုးသမီးမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာက အသက် ၅၀ ကျော်အရွယ် ဒေါ်မြသိန်းဝေ ဖြစ်သည်။

စစ်ကောင်စီ အမြောက်တပ်ရင်းများသည် စစ်တွေမြို့ကနေ ပေါက်တောမြို့ဘက်သို့ လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် စစ်တွေမြို့-ပေါက်တောမြို့သည် ကုလားတန်မြစ် တစ်ဖက်တစ်ကမ်းဖြစ်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးများမှာ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာအပြင် ငပြီကျွန်းအလယ်ရွာနှင့် သရက်တောကျေးရွာဘက်သို့လည်း ၆ လုံးထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့အဝင်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်အား အာရက္ခတပ်တော် AA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်တွေမြို့နှင့် ပေါက်တောမြို့ကြားရှိ ကုလားတန်မြစ်ဝတွင် ကင်းလှည့်နေသော စစ်ကောင်စီ စစ်သင်္ဘောများကို အာရက္ခတပ်တော် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် အမြောက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ