Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဓါတ်ပုံ AA

စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။

ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။

“ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက် ရှိနေကြာင်း ဦးခိုင်သုခက ဆက်လက်ပြောသည်။

ဆက်လက်၍ “စစ်ကောင်စီဘက်က စစ်ကူအင်အားတွေထပ်ဖြည့်ပြီး ဂွမြို့ အနီးတဝိုက်ကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေတာတွေရှိတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြန်းထန်နေတာရှိပါတယ်”ဟု ဆိုသည်။

ဂွမြို့မှ နောက်ဆုံး လက်ကျန်တပ်ရင်း ခမရ (၅၆၂) ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် ဂွမြို့နယ်ရှိသော စစ်ကောင်စီ၏ စစ်အခြေစိုက်စခန်းအားလုံး သိမ်းပိုက် ထိန်းချုပ် လိုက်ပြီး ဖြစ်ကြောင်း သိရသည်။

အာရက္ခတပ်တော် AA က ရခိုင်ပြည် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် ၃ မြို့နယ်က လွဲပြီး ပလက်ဝအပါအဝင် ကျန်မြို့နယ်များအားလုံးကို သိမ်းပိုက် ထိန်းချုပ်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ