Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အင်အား ၁၂၀၀ ကျော် ခုခံ တိုက်ခိုက်သော်လည်း AA ထံ ရှုံးနိမ့်

ရခိုင်ပြည်အတွင်း ဂွမြို့နယ်ကို ပြန်လည် ရရှိရေး စစ်ကောင်စီအင်အား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် ဂွမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တပ်ရင်းနှစ်ရင်းစလုံးအား AA က သိမ်းပိုက်ခဲ့သည်။

ဂွမြို့သို့ စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်းနှင့် ခမရ (၂၁၇) တပ်ရင်းတို့ AA က တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ရကြောင်း AA ၏ ထုတ်ပြန်ချက်က ရေးသည်။

ဂွတိုက်ပွဲအတွင်း တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး မျိုးညွန့်ဦးနှင့် ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့ သေဆုံးခဲ့ပြီး သံချပ်ကာအချို့နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။

ဂွမြို့နယ်ကို ပြန်လည် ရရှိဖို့ စစ်ကောင်စီဖက်က သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ ၁၀စီး၊ စစ်ကူ အမြောက်အမြားတိုဖြင့် အသည်းအသန် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်ကြာတွင် ဂွမြို့နယ်ကို သိမ်းပိုက် ရရှိခဲ့သည်။

ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇၀၀ ထက်မနည်း သေဆုံးခဲ့ပြီး သုံ့ပန်းအများအပြားကို ဖမ်းဆီး ရရှိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက် အရ သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ