Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ကျောက်တော်မြို့ထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ထိခိုက်ဒဏ်ရာရရှိသူများနှင့် အပျက်အစီးများအား တွေ့ရစဉ်။ ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့ကြသည်။ (ဓါတ်ပုံ - CJ/ပုံဟောင်းများဖြစ်သည်)

ရခိုင်ပြည် ကျောက်တော်မြို့ ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့၍ ထိခိုက်သေဆုံးမှု များပြားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်တော်မြို့ ရှမ်းရွာနှင့် ပန်းထိမ်တန်းမှာ ဗုံး ၃ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့် ထိခိုက်သေဆုံးမှု စာရင်းအား ဆက်သွယ်ရေးအခက်အခဲကြောင့် မသိရသေးပေ။

Western News က အချက်အလက်အပြည့်အစုံအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက် နေ့လယ် ၁ နာရီကျော်အချိန်ကလည်း ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄၁ ဦးသေဆုံးပြီး ဒဏ်ရာအများအပြား ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ