Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရန် စစ်ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းရောက်ရှိနေချိန် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၇ နာရီအချိန် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်နေသည့် ညစာစားပွဲကျင်းပနေချိန်အတွင်း ကယားပြည်နယ် ခန်းမအတွင်းသို့ ၁၀၇ မမရှော့တိုက်ဒုံး ၅ လုံးဖြင့် တပြိင်နက်တည်းတွင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေကုပ်တပ်စွဲထားသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ (လွိုင်ကော်)အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးကိုလည်း ပစ်ခတ်ခဲ့ကြောင်း (BWM) အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယင်းကဲ့သို့ ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး ၇ လုံးအနက် ၆ လုံးကို ပစ်ခတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီဖက်က ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု အခြေ အနေ မသိရှိရသေးပေ။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ