နာရီပိုင်းကြာ စစ်အာဏာသိမ်းမှုကြောင့် စွပ်စွဲပြစ်တင်ခံထားရသည့် တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးကို ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့် ပတ်သက်ပြီး သမ္မတ ယွန်ဆတ်ယိုးကို ပုန်ကန်သောင်းကျန်းသူ စွပ်စွဲချက်ဖြင့် တောင်ကိုရီးယားအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
စွပ်စွဲပြစ်တင်ခံရသူ သမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့အရာရှိ ၃၀၀၀ ကျော်က ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယွန်ဆတ်ယိုးကို စောင့်ရှောက်ပေးနေသော တပ်ဖွဲ့ငယ်နှင့် သွေးထွက်သံယိုမဖြစ်စေရန် ယွန်ဆတ်ယိုးသည် ရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံခဲ့သည်။
“ဒီနေ့ လုံခြုံရေး ဧရိယာထဲကို မီးသတ်ကားတွေသုံးပြီး ဖောက်ထွင်းဝင်ရောက်လာတာကို တွေ့လိုက်ရတော့ CIO ရဲ့ စုံစမ်းစစ်ဆေးမှုဟာ တရားမဝင်တဲ့ စုံစမ်းစစ်ဆေးမှုဖြစ်ပါတယ်။ ဒါပေမဲ့ သွေးထွက်သံယို မဖြစ်ရအောင် အဖမ်းခံဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” ဟု Yoon က ပြောသည်။
သံဆူးကြိုးအတားအဆီးများနှင့် ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ငယ်၏ နောက်တွင် ရက်သတ္တပတ်ချီ အိမ်တွင်းအောင်းနေသော သမ္မတယွန်း နေထိုင်ရာ တောင်စောင်းစံအိမ် ဂိတ်တံခါးကနေ မော်တော်ယာဉ် ၉ စီးပါ ယာဉ်တန်းတခု ထွက်ခွာလာသည်ကို မြင်တွေ့ရခြင်း ဖြစ်သည်။
ယွန်းဆွတ်ခ်ယိုးကို စစ်ဆေးမေးမြန်းရန် အာဏာပိုင်များသည် ၄၈ နာရီ အချိန်ပေးရပြီး ယင်းနောက် ရက်ပေါင်း ၂၀ အထိ ထိန်းသိမ်းထားရန် သို့မဟုတ် လွှတ်ပေးရန် ဖမ်းဝရမ်းတောင်းခံရမည်ဖြစ်သည်။