Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ရခိုင်ပြည် ရမ်းဗြဲမြို့နယ်ကျောက်နီမော်ရွာ စစ်ကောင်စီတပ် ဗုံးကြဲမှု မြင်ကွင်း/ ဓါတ်ပုံ- APM

စစ်ကောင်စီ လက်လွှတ်ဆုံးရှုံး လိုက်ရသော မြို့များကို မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာ ပိုမိုအသုံးပြုလာကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

တိုက်ပွဲများတွင် အထိနာပြီး ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်နေသော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများမှာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း HRW ကဆိုသည်။

စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်တဲ့နယ်မြေများထဲတွင် စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မီးရှို့ခြင်းများ အပါအဝင် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများ ဥပဒေမဲ့ တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြသည်။

ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာကစ၍ တနိုင်ငံလုံးတွင် တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကောင်စီကလည်း အရပ်သားများရှိသော အခြေခံ အဆောက်အအုံများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီဟာ ၂၀၂၁ မေလကနေ ၂၀၂၄ သြဂုတ်လအထိ စစ်ကိုင်းတိုင်းတခုထဲတွင် လူနေအိမ် တစ်သိန်းကျော်ကို မီးရှို့ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းတွင်လည်း လူငယ်များကို ပြန်ပေးဆွဲခြင်း အကျဉ်းချခြင်း၊ ရှေ့တန်းတွင် လူသားဒိုင်းအနေနှင့် အသုံးပြုခြင်းများ ရှိခဲ့ကြောင်း HRW ၏ ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရခိုင်ပြည်အတွင်း က အာရက္ခတပ်တော် AA သိမ်းယူထားသော ရမ်းဗြဲမြို့နယ်၊ ကျောက်တော်နှင့် ပေါက်တောမြို့များကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၆၀ နီးပါး သေဆုံးခဲ့သည်။

အလားတူ ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ သိမ်းပိုက်ထားသောမြို့ အများအပြားကိုလည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသော ခါမ်းပါတ်မြို့နှင့် ကနန်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ