Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့က အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင်တိုက်ပွဲများ၌ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ သုံ့ပန်းနှင့် စစ်ကောင်စီ အလောင်းတချို့အား တွေ့ရစဉ်။ (ဓါတ်ပုံ - AA Info Desk)

(ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေဟု AA ပြော)

Western News| ဇန်နဝါရီ ၂၁

ရခိုင်နှင့် ဧရာဝတီတိုင်း အစပ် နေရာအချို့၊ ပွိိုင့် ၃၆၉ ကုန်းနှင့် ရေကြည်မြို့နယ် ချင်းစုကျေးရွာအနီးတွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော် AA ပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ရာတွင် ရခိုင်နှင့်ထိစပ်နေသော နေရာများက အခြေအနေများကိုလည်း AA က ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ရခိုင်နယ်နမိတ် ရိုးမတောင်တန်းနှင့် ထိစပ်နေသော ရခိုင်-ဧရာဝတီအစပ်က တိုက်ပွဲများအပြင် ပဲခူး၊ မကွေးနှင့် ထိစပ်နေသော နေရာများတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု AA က ဆိုသည်။

ရခိုင်-မကွေးအစပ် အမ်း-ပဒါန်းလမ်းမအနီးတွင် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဟု သိရသည်။

တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီ တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ကတည်းကပင် အမ်း-ပဒါန်းလမ်းမအနီးက အမ်းမြို့နယ် ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင်မှာ စတင်ထိတွေ့ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက် အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း AA က ပြောသည်။

တစ်ပတ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား အလောင်း အမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ