Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ပြီးခဲ့သည် ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့စဉ်/ ဓါတ်ပုံ APM

ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာ ကို ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက် ညအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းကနေ ထပ်မံဗုံးကြဲ၍ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက Western News ကို ပြောသည်။

ယန်နေ့ ည ၁၁ နာရီကျော်အချိန်တွင် ဂျက်ဖိုက်တာတစ်စီးဖြင့် နှစ်ကြိမ်တိုက်လာရောက် တိုက်ခိုက်ပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အရပ်သားများ ထိခိုက် သေဆုံးခဲ့ဖြစ်ပါသည်။

ဟုံးဝကျေးရွာသားတစ်ဦးက ” ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာ ကို ဗုံးကြဲတာပါ။ ပထမတစ်လုံးကြဲတယ်။ ဒုတိယတစ်ကြိမ်လာကြဲပါတယ်။ ကျနော်တို့ သတင်းရတာ တစ်ယောက်သေတယ်လို့ သိရတယ်။ ထိခိုက်ပျက်စီးမှုတွေက ရှိတယ် “ဟုပြောသည်။

အဆိုပါကျေးရွာမှ ဘုန်းတော်ကြီးကျောင်းတွင် ကျရောက်ပေါက်ကွဲသည့် ဗုံးကြောင့် အသက် ၂၆ နှစ်အရွယ် ကိုကြာပီ သေဆုံးသွားပြီး နောက်ထပ် အရပ်သားနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ဆက်သွယ်ရေးအခက်အခဲကြောင့် မြေပြင်သတင်းအချက်အလက်များနှင့် ကွဲလွဲနိုင်ပြီး ထိခိုက်သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ဆိုသည်။ သတင်းအချက်အလက်များ ရရှိရေးအတွက် ကျောက်ဖြူသို့လာရောက်ပြီး ဖုန်းလှမ်းဆက်သွယ်ရကြောင်း Western News ကို ရမ်းဗြဲဒေသခံတစ်ဦးကပြောဆိုခဲ့သည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ လူပေါင်း ၄၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၇ ဦးနှင့် နေအိမ် ၄၀၀ ခန့် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ရသည်။

ယခု ဗုံးကြဲတိုက်ခိုက်ခံရသော ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က ကျောက်နီမော်ကျေးရွာနှင့် ဆိုက် ၂မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက အရပ်သားများနေထိုင်ရာ မြို့ရွာများနှင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို အဓိကထား ပစ်မှတ်ထား တိုက်ခိုက်နေသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်က ပိုမိုသတိထားကြရန် AA က တိုက်တွန်းထားသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကိုလည်း အထူးသတိပြု သုံးစွဲကြရန်လည်း အာရက္ခတပ်တော် AA က အထူးသတိပေးထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ