Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ- ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာအား မြင်ရစဉ်/ ဓါတ်ပုံ APM

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် ရမ်းဗြဲမြို့နယ် ဟုံးတိုက်နယ် ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို ဗုံးကြဲခံရ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးသွားပြီး ၂ ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်အချိန်မှာ ဟုံးဝအုပ်စု ထောင့်ချိန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် ထောင့်ချိန်ရွာက ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောက်တို့မှာ ဗုံးသီးများကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီး အရပ်သားတစ်ဦး အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၈ ရက် နေ့လယ်ပိုင်းကလည်း ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရ၍ ၄၁ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၄၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးသွားသည်။

1 Comment

Comments are closed.

ဆက်စပ်သတင်းများ