Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များအား မကွေးတိုင်းတွင် တွေ့ရစဉ်။ ဓါတ်ပုံ/ AA

ရခိုင်ပြည်နှင့် ပဲခူးတိုင်းအစပ်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို ပြန်လည်ခုခံတိုက်ခိုက်ရန် သာယာဝတီခရိုင်ထဲက ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေသည်ဟု စုံစမ်း သိရသည်။

ပန်းတောင်းမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်။

“စစ်ကောင်စီဟာ ပြည်မြို့နဲ့ ဥသျှစ်ပင်ဘက်ကနေ အင်အား ၁၀၀၀ ခန့်ပါတဲ့ စစ်ကောင်စီ ၂၅ စီးကို ပန်းတောင်းမြို့နယ်ဘက်ကို အင်အားဖြည့် ပို့ထားသလို သာယာဝတီခရိုင်ထဲမှာလည်း ပျူစောထီးတွေကို လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ စစ်ကောင်စီရဲ့ အင်အားဖြည့်တာမှာ အမြောက်တပ်၊ ကွန်မန်ဒိုတပ်လည်း ပါပါတယ်။ ရခိုင်ရိုးပေါ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

ဇန်နဝါရီလ ၂၇ ရက်ကနေ ၂၉ ရက်အတွင်းမှာ အဆိုပါ စစ်အင်အားကို ပို့ပေးထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၀ ရက်တွင် ပျူစောထီးများကို လက်နက်တပ်ဆင်ပေးထားခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ရခိုင်ရိုးပေါ်ကနေ ဥသျှစ်ပင်မြို့နှင့် ပန်းတောင်းမြို့နယ်အထိ ရောက်ရှိလာနိုင်၍ စစ်ကောင်စီက စစ်ကူပို့ဆောင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သာယာဝတီခရိုင်က ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးခြင်းအပြင် တစ်ဦးကို ငွေကျပ် နှစ်သိန်းစီး ထောက်ပံ့ကာ လက်နက်ခဲယမ်း အများအပြားကိုလည်း ထောက်ပံ့ပေးထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် AA သည် မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့နှင့် ထိစပ်နေသည့် ရခိုင်ရိုးပေါ်က စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီး ရခိုင်ရိုးမတောင်တန်းကို ထိန်းချုပ်ထားကြောင်း သိရသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ