Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်း စစ်အုပ်ချုပ်ရေးကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးလိုက်ကြောင်း သိရသည်။

အာဏာသိမ်း ကာလ ၄ နှစ်ပြည့်ပြီးနောက်မှာ ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်။

မိမိကိုယ်ကို ယာယီသမ္မတ ခန့်အပ်ထားသော မင်းအောင်လှိုင်က ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပရန် လက်ရှိ နိုင်ငံတော်၏အခြေအနေများမှာ တည်ငြိမ်ရန် လိုအပ်နေသည့်အတွက်ဟု အကြောင်းပြသည်။

စစ်အုပ်ချုပ်ရေးကို ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ပြီး အာဏာအား မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းထားကြောင်း အမျိုးသားကာကွယ်ရေးနှ င့်လုံခြုံရေးကောင်စီက ယနေ့ နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော NLD အစိုးရ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားရယူ သိမ်းပိုက်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ