Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

အာရက္ခတပ်တော် AA ကို တန်ပြန်ခိုက်ရန် ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကော့ဘဇားရှိ ကုတူပလောင်ဒေသတွင် နေထိုင်သည့် မွတ်ဆလင်ဒုက္ခသည်များကို ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ပေးနေသည်။

ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် (DGFI) သည် မွတ်ဆလင် ဒုက္ခသည်များအတွက် “အထူးပြု” ပြောက်ကျား စစ်ဆင်ရေး သင်တန်းကို စတင်ခဲ့ကြောင်း အိန္ဒိယသတင်းဌာန Northeast News တွင် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) နှင့် ကော့ဘဇားခရိုင်ခွဲ Ukhia ခရိုင်ခွဲရှိ 1W ဒုက္ခသည်စခန်းတွင် လက်နက်များအသုံးပြုခြင်းနှင့် ထောက်လှမ်းရေး စုဆောင်းခြင်း အပါအဝင် လေ့ကျင့်မှုကို ပေးအပ်ရန် ဆုံးဖြတ်ချက် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ (DGFI) က ခေါ်ယူကျင်းပသည့် အဆိုပါ ဆွေနွေးပွဲကို အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ရခိုင်ပြည်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် မြန်မာစစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာစဉ် သိမ်းဆည်း ရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် လက်နက်ကြီးများ ကို ပြောက်ကျား တိုက်ခိုက်ရေး သမားများကို တပ်ဆင်ထားမည်ဖြစ်သည်။

ကုတူပလောင်ဒေသ ဒုက္ခသည်စခန်း ၃၃ ခုမှ အလားအလာရှိသော လက်ရွေးစင်ပြောက်ကျားစစ်သား ၇ ဦးစီ ရွေးချယ်ခဲ့ပြီး ရွေးချယ်ထားသူများကို စုစည်း၍ ဘင်္ဂလားဒေ့ရှ်စစ်ထောက်လှမ်းရေးအေဂျင်စီ DGFIနှင့် ဆက်ဆံမည့် ပင်မကော်မတီတစ်ခု ဖွဲ့စည်းခြင်း ဖြစ်သည်။

ထို့အပြင် DGFI ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်သင်ကြားနေသည့် တိုက်ခိုက်ရေးသမားများကို ဦးဆောင်ရန် မွတ်ဆလင် အမျိုးသားတစ်ဦးကို Dil Mohammad အား ရွေးချယ်ခဲ့သည်။ လေ့ကျင့်မှုစတင်ရန် ဒုက္ခသည်စခန်းတစ်ခုစီမှ တိုက်ခိုက်ရေးသမား ၂၇ ဦးကို ပထမအသုတ်အဖြစ် ရွေးချယ်မည်ဖြစ်သည်။

အဆိုပါ လေ့ကျင့်မှု၏ ပထမရလဒ်မှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဒဲလ်ဖာရာ နားရမ်းချောင်းတွင် ဇန်နဝါရီ ၂၄ ရက်က ARSA နှင့် RSO တိုက်ခိုက်ရေးသမားများ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနမှ ဖော်ပြသည်။

ရခိုင်ပြည်ကို ထိန်းချုပ်သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် AA ကို တိုက်ခိုက်ရန် အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ခံထားရသည့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့ ပေါင်းစည်းထားကြောင်း သိရသည်။

AA ထိန်းချုပ်သိမ်းပိုက်ထားသည့် ဘူးသီးတောင်၊ မောင်တောဒေသကို ရယူနိုင်ရေးအတွက် စစ်သွေးကြွမွတ်ဆလင် လက်နက်ကိုင် ၄ ဖွဲ့သည် Four Brothers Alliance (All Rohingya Army) ဖွဲ့စည်းထားသည်ဟု ၎င်း၏ ထုတ်ပြန်ရေးစာမျက်နှာများမှ ကြေညာထားကြသည်။

စုပေါင်းထားသော မွတ်ဆလင်များ၏ လက်နက်ကိုင်အဖွဲ့အစည်းများမှာ Rohingya Solidarity Organisation (RSO), Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA) နှင့် Rohingya Islami Mahaaz (Arakan) တို့ဖြစ်ကြသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ