Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်အတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၉၆၅ ဦးသေဆုံးသွားခဲ့ရသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) အဖွဲ့က ပြောသည်။

ချင်းပြည်သူများအပေါ် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ မှတ်တမ်းကို ICA အဖွဲ့က ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ထားသည်။

ချင်းပြည်သူ ၉၆၅ ဦး သေဆုံးခဲ့ရသည့်အထဲတွင် အရပ်သား ၄၉၁ ဦးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးပါဝင်သည်ဟု ဆိုသည်။

သေဆုံးခဲ့ရသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးထဲတွင် အမျိုးသမီး ၉ ပါဝင်ကြောင်း ICA က ပြောသည်။

ယင်းအပြင် လေးနှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် ချင်းပြည်သူ ၇၇ ဦးသေဆုံးပြီး ၁၀၅ ဦးအထိ မိုင်းထိ၍ ဒဏ်ရာရရှိခဲ့သည်။

မြေမြှုပ်မိုင်းကြောင့် ထိခိုသေဆုံးသူများအားလုံးသည် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော ချင်းပြည်သူများဖြစ်ကြသည်ဟု ICA က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီသည် လေးနှစ်အတွင်းမှာ ချင်းပြည်ကို လေကြောင်းတိုက်ခိုက်မှု ၂၄၁ ကြိမ်ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၁၀၆၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ICA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်သူ ၂၄၉ ဦး သေဆုံးခဲ့ရပြီး ၄၂၄ ဦးကျော် ဒဏ်ရာရရှိသွားကြောင်းနှင့် လူနေအိမ်ပေါင်း ၁၂၈၀ ကျော်၊ အစိုးရအဆောက်အဦး ၃၈ လုံး၊ ဘာသာရေးအဆောက်အဦး ၃၉ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ရသည်ဟု သိရသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ချင်းပြည်သူများ၏နေအိမ် ၃၄၇၉ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟုလည်း ICA က ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၅ သိန်းနီးပါးရှိသည့်အနက် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံသို့ ၆၅၀၀၀ ကျော် စစ်ရှောင်သွားရပြီး၊ ချင်းပြည်ထဲမှာ ၁၃၀,၀၀၀ ခန့်ရှိကြောင်း ICA က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ