Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ-ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်

မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ် ကံမြင်ကန်နှင့် ဂုတ်စည်းရိုးတိုက်ပွဲတွင် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်မှ ယာယီ နည်းဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး AA က အရှင်ဖမ်းဆီးရရှိကြောင်း AA ၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဂုတ်စည်းရိုးတိုက်ပွဲတွင် ၎င်းကို ခြေထောက်ဒဏ်ရာနှင့်အတူ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သည် အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်၊ အမှတ် ၉၉၂ နည်းဗျူဟာအဖွဲ့မှ ဖြစ်သည်။

အမှတ် ၉၉၂ နည်းဗျူဟာမှ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဦးဆောင်သော အင်အား ၃၆၀ ပါ စစ်ကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ ရမည်းသင်းမှ အမ်း-ပဒါန်းလမ်းပိုင်းသို့ ထွက်လာခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။

ယင်းနောက် ကံမြင့်ကန်ဒေသ ဝန်းကျင်ကို လမ်းကြောင်းထိန်းသိမ်းရေး ဆောင်ရွက်ရန် အဆိုပါ စစ်ကြောင်းကို စစ်ကောင်စီက ညွှန်ကြား စေလွှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၈ နာရီဝန်းကျင်အချိန် ကံမြင့်ကန်ဒေသသို့ ရောက်ရှိခဲ့ကာ AA က အမှတ် ၄၁၉ စစ်ကြောင်းများ တည်ရှိရာ နယ်ခြားဘုရားကုန်း စေတီကို တိုက်ခိုက်ခဲ့ပြီး ယင်းနောက် ကံမြင့်ကန် အနီးမှာ ရှိသော ကိုင်းငုန်းကို ထပ်မံတိုက်ခိုက်ခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် ပွိုင့် ၁၄၅၅ တောင်ကုန်းကို ဆုတ်ပေးခဲ့ရကြောင်း အဆိုပါ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကြောင်း စတင် စစ်ထွက်လာချိတွင် အင်အား ၃၆၀ ကျော်ရှိပြီး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက် ဒဏ်ရာရချိန်တွင် အင်အား ၇၀ ကျော်သာ ကျန်ရှိတော့ကာ စစ်အင်အား အများဆုံးစုမှ သေဆုံးခဲ့ကြောင်း ဒဏ်ရာရအင်အားလည်း များပြားခဲ့သည် ဟုသိရသည်။

ဒဏ်ရာရရှိသူ ၁၀၀ နီးပါးရှိခဲ့ပြီး ဆေးရုံမပို့နိုင်သဖြင့် သေဆုံးသူများလည်းရှိကြောင်း သိရသည်။

ထို့ပြင် ပျောက်ဆုံးသူအင်အားများလည်းရှိပြီး ဒဏ်ရာရရှိသူများကို ကံမြင့်ကန်ဒေသမှ ဂုတ်စီးရိုးသို့ ပြောင်းရွှေ့ခဲ့ရကာ ဂုတ်စီးရိုးမှတစ်ဆင့် ပဒါန်းတပ်နယ်သို့ စစ်ယာဉ်တန်းဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ဂုတ်စီးရိုးဒေသကို အာရက္ခတပ်တော်AA တိုက်ခိုက်ခဲ့ပြီး၊ ယင်းနောက် ဒုတိယဗိုလ် မှူးကြီး ကျော်ကျော်သက်နှင့် အင်အား ၂၀ ဦးခန့်ဖြင့် ဂုတ်ကြီးဒေသသို့ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

၃ ရက်ခန့် ဆုတ်ခွာပြီးနောက် ပွိုင့် ၁၃၉၉ နေရာတွင် အခြေပြုရင်း ဒဏ်ရာရရှိပြီး AA ထံတွင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်သုံ့ပန်း ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်သည် ၁၉၉၈ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ် ၄၃ ကို တက်‌ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သည် Western News ၏ မဟာမိတ် ဖြစ်ပါသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ