Western News

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုံစာ - ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ထပ်မံလွှတ်ပေးခဲ့သော စစ်သုံ့ပန်းများနှင့် AA က တာဝန်ရှိသူများတို့ တွေ့ဆုံခဲ့ကြစဉ်။ (ဓါတ်ပုံ - APM)

လွှတ်ပေးလို့ရသည့် စစ်သုံ့ပန်း မိသားစုဝင်များထဲက ၁၉၈ ဦးကို အာရက္ခတပ်တော် AA က ယခုရက်ပိုင်းအတွင်းမှာ ထပ်မံလွှတ်ပေးလိုက်ကြောင်း သိရသည်။

ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ဒုတိယ ရဲမှူးကြီး ၁ ဦးလည်း ပါဝင်ကြောင်း AA က တာဝန်ရှိသူများက ပြောသည်။

စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၁၄၇ ဦးကို AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သားအကျဉ်းသား ၂၆ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

၎င်းတို့အားလုံးသည် အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့နယ်များက မဟုတ်သော သူများဖြစ်ပြီး ပြန်လွှတ်ပေး၍ရသည့် သူများကိုသာ AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးထားရသော အရပ်သားများနေထိုင်ရာ မြို့ရွာများနှင့် စစ်သုံ့ပန်းများ ထားရှိရာနေရာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို ပြုလုပ်နေသည်။

အာရက္ခတပ်တော် AA က ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံ့ပန်းများထားရှိရာ မြောက်ဦးမြို့နယ်က ရမ်းချောင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် စစ်သုံ့ပန်း ၁၀၀ ကျော်သေဆုံးခဲ့ရပြီး ၁၀၀ ကျော်မှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း AA က ထုတ်ပြန်ထားသည်။

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဆက်စပ်သတင်းများ